ဘယ်သူ
ပြဋ္ဌာန်းလိုက်တာလဲ။
အသည်းကွဲ သီချင်းတွေ
အော်မဆိုတတ်ဘူး။
တစ်ခန်းလုံး
တိတ်ဆိတ်နေတာတောင်မှ
ကျောခိုင်းထွက်ခွာသွားတဲ့
အချစ်ရဲ့ ခြေသံ နံရံတိုင်းမှာ
ပဲ့တင်ထပ်နေပြီ။
သေကွဲသာကွဲပါရစေ
ရှင်ကွဲကွဲတဲ့
နှလုံးသားဒဏ်ရာ
မခံသာဘူး
မြတ်နိုးမှန်း သိလျက်နဲ့
ရက်စက်ထားရက်ခဲ့သူရေ
ငါ့ မှာ
အလွမ်းသရဖူကြီးနဲ့
အရူးတစ်ပိုင်းဖြစ်ခဲ့ရ။
ဘ၀က ပြဋ္ဌာန်းလိုက်တာဆိုလျှင်လည်း
ဒီတစ်ဘ၀တည်းသာ
ကြေကွဲပါရစေတော့ကွယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment