Monday, February 15, 2010

......

နင် မမြင်ရတဲ့အရပ်မှာ
ငါက နင့်အတွက် မျက်လုံးတွေပါ .....

နင် မကြားရတဲ့အရပ်မှာ
ငါက နင့်အတွက် နားရွက်တွေပါ .....

နင် ပူလောင်ပြင်းပျတဲ့ အရပ်မှာ
ငါက နင့်အတွက် စမ်းချောင်းလေးပါ .....

နင် အေးစက်ချမ်းမြတဲ့ အရပ်မှာ
ငါက နင့်အတွက် နွေးထွေးနေခြည်လေးပါ .....

ယုံကြည်ရာလျှောက်တဲ့လမ်းမှာ
ငါက နင့်အတွက် တောင်ဝှေးလေးပါ .....

နင်မောတိုင်း ခဏခဏ ထိုင်ထိုင်နားတတ်တဲ့ နေရာလေးတွေမှာ
ငါက နင့်အလှတွေကို တမေ့တမော ငေးငေးနေတတ်တဲ့
ပုံဆိုးပန်းဆိုးလေးပါ .....

ဘယ်လိုပဲဖြစ်နေနေ
ငါ့ကို အမြဲချစ်ပါလို့ တောင်းဆိုတတ်တဲ့ ငါက
နင့်အတွက်တော့
အမြဲပဲ အသက်ရှင်ရပ်တည်ပေးချင်ခဲ့တာ
ဘာကမှ မခိုင်းမစေရတဲ့ စိတ်တမျိုးပဲ ....
ငါ့အိပ်မက်တွေကို နင့်အတွက်ပေးတဲ့အခါ
ငါ့အလွမ်းတွေလည်း နင်တွေ့မိမှာပါ .....
အဲဒီအခါ
ငါ့ကို ငါ့အိပ်မက်တွေက ခေါ်ထုတ်ပေးခဲ့ပါ .....

မနက်နေခြည်အလင်းမှာတော့
ငါက နင့်ကို ပွေ့ဖက်ထားမယ့်
အလင်းရောင်စဉ်တန်းတွေပဲ ဖြစ်နေမှာ ... ချစ်ရေ ......

No comments:

Post a Comment