သိုးဆောင်း
စကားပုံတွေလို
အတွေ့အကြုံက အရင်းအနှီး
ပန်းတွေကို အညွန့်မချိုးနဲ့
ရော့ ငါ့နှလုံးသား
ဘာဘီကျူးလုပ်မြည်းသွား
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်
အဲ့ဒီလောက်တောင် အချိန်မပေးချင်ဘူး
မင်းထွက်သွား
ကောင်းကင်ကြီး
ကျယ်သလား ကျယ်ပေ့စေ
တိမ်မည်းတွေကို
သမုဒ္ဒရာအောက်ပို့လိုက်
နောက်ထပ်ဆွဲတင်မယ့်ကြိုးက
တန်ဖိုးထားတတ်တဲ့စိတ် ဖြစ်ပေ့စေ
ရာသီကြိုခြေစစ်ပွဲမှာ
ဒဏ်ရာမရအောင် သတိထား
နားနေတဲ့ငှက်ထက်
ပျံနေတဲ့ငှက်က ပိုအသက်ဝင်တယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment