Wednesday, February 3, 2010

အချစ်ရဲ့အားမာန်

ငါ့ရင်ထဲမှာ
စစ်ခင်းနေတာ
အမုန်းဆိုတဲ့ ငါမသိခြင်းနဲ့ပါ

ငယ်ငယ်တည်းက
ဒီအမုန်းနဲ့ငါမဟာမိတ်မဟုတ်ခဲ့လေတော့
စစ်ပွဲတွေ နွှဲရတော့မှာပေါ့

ငါကျရှုံးမယ်ဆိုတာ
သိနေပါတယ်
နင့်ဘက်မှာက စစ်ကူတွေများတယ်လေ
ငါ့ဘက်မှာတော့ ချစ်ခြင်းအပြည့်နဲ့
ငါ့တစ်ယောက်ထဲ...

အားမတန်လို့တော့
မာန်လျှော့လိမ့်မယ်မထင်နဲ့
ငါ့ချစ်ခြင်းက
သေတွင်းရောက်တဲ့အထိ
အသက်ပြင်းတယ်နော်

ဒီစစ်ပွဲမှာမင်းတို့နိုင်သွားခဲ့လည်း
ငါ့ရဲ့အချစ်သေသွားမယ်မထင်နဲ့
ကွယ်ရာကနေဆက်ချစ်မယ်.....

No comments:

Post a Comment