Wednesday, February 3, 2010

ညနက်နက်ရဲ့ ဆုတောင်းလေးတစ်ခု

ယုံကြည်ခြင်းတွေနဲ့အတူ
ငါ့လက်ကို မြဲမြဲကိုင်ဆွဲလို့
တို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေ
ပြတ်တောက်မသွားအောင်
ထိန်းထားကြစို့သူရယ်။
တိုက်ဆိုင်မှု တစ်ခုကြောင့်
ဝေးလွင့်ရမယ်ဆိုရင် ...........
ငါ့ ဘက်ကို တစ်ချက်လောက်
ငဲ့ကြည့်ပေးပါကွယ်။
အရာအားလုံးကို
မင်းနဲ့ မှ ရူးသွပ်မိတဲ့
ငါ့ရင်ထဲကို မင်းလေးကြည့်တတ်မယ်ဆိုရင်
ရှောင်ပြေးခြင်းထက် လက်တွဲခြင်းကို
ဦးစားပေးလိမ့်မယ်လို့ထင်ပါတယ်။
မင်းရင်ထဲက ငါးဆယ် ရာခိုင်နှုန်းပြီးဆုံးမှုဟာ
ငါ့အတွက်တော့ ကမ္ဘာပျက်မတတ်ပါ
မင်းရဲ့ မှားယွင်းတယ်ဆိုတဲ့အသိက
ငါ့ရင်ကို ပိုပြီးနာကျဉ်ရပါတယ်။
ဒါပေမယ့်ကွယ်
အရာအားလုံးကို မင်းအတွက်ပဲဦးစားပေး
စဉ်းစားခဲ့တယ့် ငါ့အတွက်တော့
မင်းဟာ ထာဝရ ငါ့ရင်ထဲက
နှလုံးသားပါ။
ညနက်နက်အမှောင်ညတွေထဲ
တစ်ယောက်တည်း တွေးဝေစောင့်စားမှုတွေနဲ့အတူ
ကောင်ကင်က ကြယ်တာရာ
ကြွေဆင်းမယ့်အချိန်ကိုမျှော်ကြည့်ရင်း
မျက်လုံးလေးမှိတ် ဆုတောင်းလေးတစ်ခုတီးတိုးပြုမိတယ်
သူရယ်........

No comments:

Post a Comment