မှတ်မှတ်ရရ
အဲဒီညက မိုးတွေရွာနေတယ်လေ
သင်းပျံ့တဲ့မြေသင်းရနံ့လေးကို ရှူရှိုက်မိယုံနဲ့
မဆီမဆိုင်...........
ငါ့နှလုံးသားလေး ယစ်မူးသွားခဲ့တယ်
မှတ်မှတ်ရရ
အဲဒီညက မိုးတွေရွာနေတယ်လေ
မျှော်လင့်ခြင်းမီးအိမ်လေးကို လေတစ်ချက်အဝှေ့မှာ
မဆီမဆိုင်..........
ငါ့နှလုံးသားလေး သေဆုံးသွားခဲ့တယ်
မှတ်မှတ်ရရ
အဲဒီညက မိုးတွေရွာနေတယ်လေ
သြော်.......
မဆီမဆိုင်..........
ငါ့ရင်ထဲမှာလဲ................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment