Tuesday, February 2, 2010

ဝိရောဓိများ

ချစ်သူရေ...
မကြားချင်လို့ မဟုတ်ဘူး
မကြားရဲတာပါ...။
မပြောချင်လို့ မဟုတ်ဘူး
မပြောရက်တာပါ..။
မကြင်နာချင်လို့ မဟုတ်ဘူး
မနာကျင်ရဲတာပါ...။
အပြင်မမြင်လို့ မဟုတ်ဘူး
အပြင်မတင်ရက်တာပါ....။
မစွန့်စားချင်လို့ မဟုတ်ဘူး
မစွန့်လွှတ်ရဲတာပါ...။
မနွေးထွေးချင်လို့ မဟုတ်ဘူး
မပူလောင်စေချင်တာပါ...။
ဖျက်ဆီးချင်လို့ မဟုတ်ဘူး
ဖြည့်ဆည်းပေးချင်တာပါ...။
အလိုမလိုက်ချင်လို့ မဟုတ်ဘူး
အလိုက်သိပေးတာပါ...။
ခွင့်မလွှတ်ချင်လို့ မဟုတ်ဘူး
ခွင့်ပြုပေးထားတာပါ...။
ဒါတွေတော့ နားလည်ပေးပါ...။

No comments:

Post a Comment