သူ့ ဘဝမှာအိပ်မရတဲ့
ညပေါင်းများစွာ....
သူတကာတွေဖန်ဆင်း...မင်းမူခဲ့ ရင်
ကြင်နာယုယ....မင်းအနမ်းတွေနဲ့ 
ထွေးသိမ့်လိုက်ပါ...............သခင်
တစ်သက်စာအတွက်ပေါ့ ......
သူ့ ဘဝကို
အရာများစွာက.....မျက်ရည်စက်တွေ
မြေမှာခ..ကြွေသွားအောင်ချွေလိုက်ကြရင်
ဝေမသွားအောင်...အကြင်နာယုယမင်းလက်တွေနဲ့ 
ဖေးမလိုက်ပါ.................သခင်
တစ်ဘဝစာအတွက်ပေါ့ ....
သူ့ ဘဝအတွက်
ကြေကွဲဖွယ်ရာ....အလွမ်းများစွာကို
တစ်စုံတစ်ရာကပေး...
လမ်းခွဲချန်ခဲ့ ကြုံခဲ့ ရချိန်
အလွမ်းလေးတွေပြေပျောက်စေဖို့ 
အကြင်နာတွယ်တာ...မင်းအချစ်တွေနဲ့ 
နှလုံးသားလေးထဲ.......သူ့ ကိုသိုဝှက်
သိမ်းထားလိုက်ပါ
ချစ်ခြင်းတွေအဆုံးထိပေါ့ .......................းးးးးးးး.သခင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment