Monday, February 1, 2010

သုညနာရီ .... သုညမိနစ် .... ကျိန်စာအပိုင်းအစ

သန်းခေါင်ယံထက်တောင် စုန်းစုန်းမြုပ်နေခဲ့ပြီးပြီ
အလင်းနတ်ဖုရားလည်း ငါ့ကို မကယ်နိုင်တော့
နံရံတွေ မခြားပဲနဲ့  .....
ငါ့ရဲ့ ပဲ့တင်သံတွေကိုပဲ ငါပြန်ပြန်ကြားနေရတယ်
ငါ့နားထဲကို ခုန်ချလာတဲ့ ခပ်လွင့်လွင့်သီချင်းသံ
ငါ့ကို ရစ်ပတ်စီးမျောလို့ နေဆဲ

ကြိမ်ဖန်ပေါင်းများစွာ ….
လှလှပပလေး နဲ့ ငါ့ကို အကြေကြေအကွဲကွဲ
အဆွေးဆွေးအမြည့်မြည့်
တိုးတိုးလေး ပျံ့ လွင့်လာနေတဲ့
လေးဖြူရဲ့ စာမျက်နှာ ၁၅
ကြားလာမိတဲ့ အခါတိုင်း ..….
ငါ့ရင်ထဲမှာ တော့ နင့်ရဲ့ စာမျက်နှာပေါင်းများစွာ
ငါ့ရဲ့ တောက်ပမှုတိုင်းကို ဖုန်းကွယ်ပစ်လို့ ထားရင်း

“ဘယ်ဆီကို မင်းရောက်နေမလဲ
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမလဲ ”
အဲဒီလိုပါပဲ ……
သီချင်းသံထဲက အမေးတွေ
အဖြေရှာရင်း တတွတ်တွတ်မေးနေဆဲ

တကယ်ဆို ………..
နင်တကယ်ကို နားမလည်ခဲ့ဘူး
နင်ဟာ ငါ့ရဲ့ သီချင်းတစ်ပုဒ်
နင်ဟာ ငါ့ရဲ့ ကဗျာတစ်ပုဒ်
နင်ဟာ ငါ့ရဲ့ နေ့ စဉ်ရေးဒိုင်ယာရီ တစ်ပုဒ်
ငါ့ နံဘေးမှာတော့ နင်မရှိတော့
ဒါပေမဲ့ …...
အခါခါ ပျံ့ လွင့်နေတဲ့ စာမျက်နှာ 15 ထဲမှာလည်း နင်ရှိနေတယ်
အခါခါ ပြန်ဖတ်မိနေတဲ့ ငါ့ရင်ထဲက စာမျက်နှာတိုင်းမှာလည်း နင်ရှိနေတယ်
မီးအိမ်မှိန်မှိန်ရဲ့ အလင်းရောင်ဘေးက မီးစာကုန်ဆီခမ်း ငါ့ဘဝ
ဒဏ်ရာဗရပွနဲ့ မထွန်းလင်းနိုင်ကတည်းက နင်ရှိနေပါတယ်
ငါ့ရဲ့ ငတ်မွတ်မှုတိုင်းကို နင်ပျော်ရွှင်စွာ ဖြုန်းတီးပစ်နေလည်း
မျက်နှာဖုံးကို ထည်လဲသုံးပြီး ငါ့ကို မသေမရှင် သေဒဏ် ချမှတ်နေလည်း
နင် … ကတော့ … ရှိနေခဲ့ပါတယ်

အပိုင်းပိုင်း အစစ ဖြစ်နေတဲ့ ဘ၀ရဲ့ တစွန်းတစ
ခုချိန်မှာတော့ မှန်ကွဲတစ်စလို အကွဲကွဲ အရှရှ
အိပ်မက်တွေကွဲကြေဆက်စပ်လို့ မရတော့တဲ့ အချိန်မှာ
အော် ….........
လိပ်ပြာဝှက်တမ်း သီချင်းကလို
“ဘယ်သူမှ နားမလည်ကြဘူး … ယောင်ချာချာတယောက်တည်းရူး”
လို့ အော်ဆိုပြီးပဲ နာကျင်နေချင်တယ်

အော် ….... တကယ်လည်း ဘယ်သူမှလည်း နားမလည်ခဲ့ကြပါဘူး
ငါနဲ့ တန်တာ နင့်ရဲ့ အနက်ရောင် စဉ်းလဲခြင်းတွေ
ကျေနပ်ရဲ့ လား ...... ချစ်သူရေ
ရောင်စုံလွင်ပြင်ထဲမှာ အမိုးအကာမပါပဲနဲ့ တောင် နင့်အတိတ်တွေ စိုပြည်လွန်းခဲ့တယ် …
ငါကတော့ .......
တစ်ထောင့်တစ်ည ပုံပြင်တွေထဲမှာ တစ်စတစ်စနဲ့ 
အတိတ်ညတွေ ... အနာဂတ်နေ့ တွေတိုင်း သွေ့ ခြောက်နွမ်းရော်လို့  …. ။

No comments:

Post a Comment