Wednesday, February 3, 2010

အလွမ်းမဲ့ လင်္ကာ

စံပယ်တစ်ပွင့်ထက်
ကျည်တစ်တောင်ကို
တပ်မက်ခဲ့ တဲ့ ကောင်ပါ
အခုတော့......
ပန်းတစ်ပွင့်ကြွေယုံနဲ့ တင်
နုလုံးသားက... ဆက်ဆက်ခါနာနေတတ်ပြီ..။


ငါဆိုတဲ့ ကောင်ကလည်း
ဓားပြတိုက်မယ်ဆိုရင်တောင်
မျက်နှာဖုန်းစွပ်ချင်တဲ့ ကောင် မဟုတ်ခဲ့ တော့
ဘာမဟုတ်တဲ့ အလွမ်းဆိုတာနဲ့ .....
မင်းကို..... မချစ်ရတော့ဘူးလား.။


အနီးကိုလှမ်းလာမှ
အဝေးဆုံးကို ဝေးကြဦးမယ်..။
ကြမ္မာဆိုးတွေအတွက်
ဘုရားသခင်ကို စီးချင်းထိုးဖို့ 
စိတ်ခေါ်လိုက်ချင်ပါသေးတယ်.........။


ကျောင်းတော်ကမသင်ခဲ့ တဲ့ 
အလွမ်းဆိုတဲ့  သင်ခန်းစာ အတွက်တော့
ဆ၇ာ မလိုပါဘူး..............
“ငါကိုချစ်တယ်” ဆိုတာနဲ့ တင်
လုံလောက်ပါပြီ........။


နီး၇က်နဲ့ ဝေးနေကြတဲ့ 
တောင်တန်းတွေ ရဲ့ ကြံခိုင်ခြင်းမျိုးနဲ့ 
ငါမင်းကိုတမ်းတ နေခဲ့ မယ်.......။


ကတိတွေနဲ့ နှောင်ဖွဲ့ ပြီး
မမွန်းကြပ်စေချင်ဘူး
ယုံကြည် မယ်ဆို၇င်
နုလုံးသားက ပွင့်တဲ့ ပန်း
မင်းပန်ဖို့ အဆင်သင့်ပေါ့........။


နှင်းပွင့်တို့ ရဲ့ ရာဇ၀င်မှာ
နေသာတဲ့ ကြေကွဲဖွယ်နေ့ ရက်တွေအကြောင်း
နှောင်းလူတွေပြောရစ်စေဖို့ 
ငါ.....အက္ခရာ မတင်ပါရစေနဲ့ .........။

ဒါပေမဲ့ ....ကောင်မလေးရေ......
အလွမ်းကိုအလဲထိုးမဲ့ 
ငါ့အတွက်တော့
ကြယ်ကြွေ ညမှာမှ
ပန်းကောက်ရတဲ့  သူလိုအဖြစ်မျိုး
မရောက်ရပါစေနဲ့ ကွယ်.........။

No comments:

Post a Comment