ကြယ်မကြွေ တဲ့ ရာသီမှာ........
လေရူးတွေထက်ဦးအောင်ပြန်ခဲ့ တော့မယ်။
အဲ့ ဒီနေ့ ကျရင်
နာရီပတ်မထားပါနဲ့ .....
ပြက္ခဒိန်မကြည့် ပါနဲ့ .....
အရင်လို ပါးကွပ်ဝိုင်းဝိုင်းလေး ကွက်ထားပါ။
သံယောဇဉ် ဆိုတာ အချစ်မ ဟုတ်ဘူးလို့ ပြောခဲ့ မိတဲ့ ကောင်
မင်းရှေ့ မှာ ဒူးထောက်မယ်။
အဝေးကြည့် ကောင်းပြီး အနီးမှုန်ခဲ့ တဲ့ ကောင်
ကျေနပ်တဲ့ အထိတောင်းပန်မယ်။
လာနေကျလမ်းလေး ကပဲစောင့်နေပေါ့။
ဒီတစ်ခါပန်းတွေ ဖူးရင်တော့
တို့ အနမ်းတွေရူးပါစေဦး...............။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment