မျှော်လင့် ခြင်းအပြည့်နဲ့ 
မိုးလင်းခဲ့ တဲ့ ..ညပေါင်းများစွာကို
အမုန်း မုန်တိုင်း လက်နက်ကို ကိုင်ဆောင်
ရက်စက်မှု့ အင်အားနဲ့ 
ရာဇသံ ပေး စစ်ခင်းမယ်လို့ 
စစ်ချီတက်လို့  လာသူရယ်။
မည်သူရုံး လို့  မည်သူနိုင်
ပုစ္ဆာကို အဖြေ ထုတ်လိုက်ရင်
မတော်တရာ မတွေးတဲ့ 
မဟော်သထာကို မေးလိုက်ရင်တောင်
နန်းရာ ဆုံးမဲ့ 
ပန်းတစ်ရာ အပြုံးနဲ့ ကိုယ့် ဘဝပါ။
နွေလို ပူပြင်း
မုန်တိုင်းလို ခက်ထန်
ခရောင်းတောလို ကြမ်းတမ်း
တစ္ဆေလို ချောက်လန့် 
ဘီးလူးလို မာန်ဝင်
ဓါးသွားလိုထက် မြက်
အန္တရယ်မျိုးစုံ ရန်ငြိုး အဖုံနှင့် 
ကြိုဆိုနေမယ့်  မင်းရဲ့ နှလုံးသား။
မယှဉ်သာလို့ ရှုံးခဲ့ ပေမယ့် 
အစဉ်သာ ဒီဘဝမှာတော့ 
မျှော်လင့် ခြင်းရယ်လမ်းဆုံး
ပန်းပြုံးတစ်ရာ မရှိတော့ ရင်လည်း
ကိုယ့် ရင်..ထဲ..မှာ
မျက်ရေမိုးတွေ ရွာသွန်း..ဆဲ...ပါ..။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment