ချစ်သူ..........
စိတ်ညစ်နေတဲ့ အခါ
မ က
တေးသီငှက်လေးပေါ့
စိတ်ညစ်ခြင်းတွေ ပျောက်အောင်
ဖြေဖျောက်ပေးမယ်လေ။
ချစ်သူ..............
ပျော်နေတဲ့အခါ
မ က
ရနံ့မွေးတဲ့ ပန်းလေးတစ်ပွင့်ပေါ့
ပျော်ရွှင်ခြင်းတွေ လန်းဆတ်သွားအောင်
ကူညီဖြင့်စွမ်းမယ်လေ။
ချစ်သူရဲ့ ဘ၀မှာ
ကျဆုံးမှုနဲ့ ကြုံလာရင်လည်း
မညည်းညူ မငြူစူ
ဖေးကူကာ အားပေးရင်း
ထာဝရ လက်တွဲဖော်အဖြစ်
ရပ်တည်ပေးမယ်လေ။
ချစ်သူ...........
တကယ်လို့များ
နောက်ဆုံးထွက်သက်ချုပ်လို့
ရုပ်ခန္ဓာတွေ ပျက်ပြား
ဘ၀တွေခြားခဲ့ရင်လည်း
ဝိဥာဉ်လေး အဖြစ်နဲ့
မင်းလေးအနား ထာဝရ
ရှိနေမယ့်သူပါ။
ွ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment