Thursday, November 5, 2009

သံပတ်

ငါ့နှလုံးသားတံခါးက နင့်အတွက်ဆို
စေ့ရုံလေးစေ့ထားတာပါ..။
အသာလေး..တွန်းဝင်လာယုံလေးကိုတောင်
ယောင်ပေပေလုပ်နေတော့...
ငါကိုယ်တိုင် ထွက်ဆွဲခေါ်ရမှာလား...?
စဉ်းစားပါဦး..ကိုယ့်လူရဲ့...
ပျင်းတာလား...ဖျင်းတာလား...
မသိတာပဲလား....မသိချင်ယောင်ဆောင် တာလား..။

စတွက်ပြီဆိုကတည်းက
အလီဆိုမှားခဲ့တဲ့..ငါ့နှလုံးသားက...
နင့်ကိုမှ ရွေးဓါတ်ကျမိတာ...
နင်ကျောသမျှ..ခံပဲပေါ့...။

ရွေးချယ်စရာလမ်းမရှိတော့ရင် ကိုယ့်လမ်းကိုယ်ဖောက်
လမ်းဟောင်းကို တာ့တာပြနိုင်စွမ်းမရှိတော့လည်း...
ငါ့မှာ..နောက်ကားတွေ ကျော်တက်အမျှ ငုတ်တုတ်ထိုင်ကြည့်ရင်း...
ပီတိတွေပွားယုံပဲပေါ့...။

ငယ်စဉ်ကျေးတောကတည်းက နင့်အနားနေရင်း...
နင် ”သံပတ်” ပေးသမျှ ခေါင်းညိတ်ကျေနပ်ရင်း....
အရုပ်တစ်ရုပ်လို နေမှ အသက်ပဲဆက်ရှင်တက်သလိုနဲ့...

အခုတော့...နင်က..
ဝင်လာမလိုနဲ့..ကိုယ်ယောင်ပြ ပြန်လှည့်သွားတော့...
ငါ့မှာ..ကိုယ့် ”သံပတ်” ကိုယ်ပေးရင်း...
သြော်.........
ငါအသက်ဆက်ရှင် နေသေးပါလားလို့
သတိပြုမိပါရဲ့.....။

No comments:

Post a Comment