Thursday, November 5, 2009

နှလုံးသားစီရင်ချက်

မမေ့နိုင်စရာတွေကို
မသိချင်ယောက်ဆောင်နေဖို့
သက်သေမရှိတဲ့ ဝေဒနာတွေကို
ထွေးပိုက်ပျော်မွေ့ရင်း
အချစ်ကို ရိုးသားစွာခင်တွယ်ခွင့်ပေးပါ……..
ချစ်သူ နင်က
ငါ့ဘ၀ ရဲ့ အရှင်သခင်
ငါ့ဘ၀ ရဲ့ ကောင်းကင်
ငါ့ဘ၀ ရဲ့ နားခိုရာ
ငါ့ဘ၀ ရဲ့ အလင်းရောင်…
ဒါပေမယ့် ပေါ့ကွာ…..
အခန့်သင့် တိုင်း ထိုးကျွေးခံရတာံ
ငါ့ရဲ့ မာနတရားတွေနဲ့
အလိုရှိတိုင်း ရိုက်ချိုးခံရတဲ့
ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အတွက်
မင်းကို မစတေးချင်တော့ဘူး…..
ထားရစ်ခဲ့ပါတော့ကွာ
ကံကောင်းခြင်းနဲ့ မျက်ရည်ပြတ်နေသူအတွက်
လွမ်းခွင့်ဆိုတာတောင်
လေးနက်ကြီးမြတ်လှပါပြီ

No comments:

Post a Comment