Thursday, November 5, 2009

မင်းအကြောင်း

မင်းအကြောင်း
မစဉ်းစားဘူးဆိုတိုင်း
ခေါင်းထဲရောက်ရောက်လာတာ
မင်းအကြောင်းတွေချည်းဘဲ…
မဖြစ်နိုင်ဘူးဆိုတိုင်း
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ
အချိန်တိုင်းဘဲ…..
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ
အချိန်တိုင်းဘဲ…..
မေ့ပစ်မယ် ကြံရွယ်တိုင်း
မင်းရဲ့အနီးဆုံး ကိုရောက်ချင်နေမိတာ
အမြဲတမ်းဘဲ….
မုန်းပစ်မယ် ကြိုးစားတိုင်း
ငါ့ ဘယ်ဘက် ရင်အုံက
နာကျင်လစမြဲဘဲ…..

No comments:

Post a Comment