Thursday, November 5, 2009

လွမ်းစိတ်

ငါ့ရဲ့စိတ်တွေ
တွယ်ရာမဲ့လို့
ချည်နှောင်ရာ
မင်းကတော့
အဝေးမှာပေါ့
အနိုင်အရှုံး
တွက်မထားတဲ့
အချစ်တွေနဲ့
ငါ မင်းကို
ချစ်ခဲ့ပါရဲ့
ရယူခြင်းကို
တောင်းတမှုမဲ့ခဲ့လည်း
နားလည်မှုတော့
ရချင်ခဲ့တယ်
လွဲမှားမှုတွေ
အယူအဆမှားတွေ
ဟန်ဆောင်မှုတွေ
ချန်ထားရစ်လို့
မင်း ကိုယ်ထံ ပြန်လာမဲ့နေ့လေး
ငါ မျှော်လင့်ရင်း
ဘယ်ဆီမှာလဲ
ချစ်တဲ့ သူရယ်
ဒဏ်ရာတွေ ဝေးလွင့်လို့
အလွမ်းတွေ ပျောက်ဆုံး
ပျော်စရာနေ့တွေ ရောက်ချင်ပြီကွယ်။

No comments:

Post a Comment