Thursday, November 5, 2009

ညီမလေးရေ

ညီမလေးရေ
သစ္စာပြက်ယွင်း
ချစ်သဲဦးအတွက်
ပူဆွေးဝမ်းနဲ
ငိုကြွေးလျှက်လားကွယ်...........

ဝမ်းနဲသင့်ပါတယ်ညီမလေး
ပေးလိုက်ရတဲ့အချစ်တွေအတွက်ပေါ့
ငိုသင့်ပါတယ်ညီမလေး
လမ်းခွဲခြင်းနိဒန်းအတွက်ပေါ့
မငိုဘူးတဲ့မျက်လုံး
မလှဘူးဆို တဲ့စကားလို
ညီမလေးငိုလို့ဝရင်
လှပတဲ့မျက်လုံးနဲ့
လှပတဲ့အချစ်သစ်ကို
ရှာတွေ့နိုင်ပါစေလို့

ညီမလေးကိုချစ်တဲ့မမ

No comments:

Post a Comment