ကောင်လေးရယ်
ဝေးနေတဲ့ဘ၀မှာ
တွေ့သမျှဟာ အရုပ်ဆိုးနေတယ်။
ကောင်လေးရယ်
တွေ့ခဲ့ရ တခဏဟာ
တဘ၀လို့ ထင်မိတယ်။
ကောင်လေးရယ်
ဘယ်သွားသွား ဘယ်နေနေ
ဘာတွေပဲလုပ်လုပ်
မ အသည်းမှာ
ကောင်လေး အမြဲရှိနေတယ်။
ကောင်လေးရယ်
အသက်ရှူဖို့က မေ့ကောင်းမေ့မယ်
ကောင်လေး အကြောင်းတွေးဖို့က
ဘယ်တော့မှ မမေ့ဘူးကွယ်။
ကောင်လေးရယ်
အချစ်ကျူးသူကို
အရူးလို့ဆိုကြရင်
မ အပြင် ပိုရူးတဲ့သူ
ဘယ်သူရှာလို့ တွေ့နိုင်မလဲ။
ကောင်လေးရယ်
ကြင်နာခြင်းကို အခြေခံ
အခြွေရံကပေးဆပ်ခြင်း
တပ်မက်ခြင်းဆိုတာ မြူမှုန်မျှမို့
မ အချစ်က
သိဝိထက်သာပါတယ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment