Tuesday, November 3, 2009

တေမိမိုး

ငိုလို့မရတော့တဲ့ လူတစ်ယောက်ရဲ့
ရင်ထဲမှာ
ဝမ်းနည်းစရာတွေ ကုန်ခမ်းသွားပြီလို့
မင်း ထင်ရက်သလား။

ငါသာ..........ကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေ
ရွာချလိုက်ချင်ပါရဲ့။

ကြည့်စမ်းပါဦး
မင်းကို ဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက
ရင်မချိအောင် ခံစားလိုက်ပုံများ
ဘာစကားမှ ပြောမထွက်တော့ဘူးလေ။

သစ်ရွက်တစ်ရွက် ဖြစ်ခဲ့ရင်
ကြွေပြလိုက်ချင်ပါတယ်။

အိပ်မက်ထဲမှာ တွေ့ဖို့မဆိုထားနဲ့
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ ညတွေဟာ
မင်း ကခုန်ဖို့အတွက်
အမြဲနိးထနေပါတယ်။

မင်းကို နှုတ်ဆက်ဖို့
ငါ့ လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို ငေးကြည့် ကျန်ရစ်ဖို့
ငါ့ မျက်လုံးတွေေ၀၀ါးနေရပြီ။

အဲဒါ................
မျက်ရည်တွေလားဟင်
ဘာမှ မပြောဘဲ
ခံစားနေရသူ အတူတူ
ကောင်းကင်ကြီးကမှ
ရွာချခွင့် ရပါသေးရဲ့နော်။

No comments:

Post a Comment