Tuesday, November 3, 2009

အချစ်မဲ့ အမုန်းမဲ့သော

လူတစ်ယောက်ကို
ချစ်နေရရင်
လောဘတွေနဲ့
ပူလောင်ရသလို
မုန်းနေရင်လည်း
ဒေါသတွေက
ပူလောင်စေတယ်။

ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ငါလေ................
ဖြစ်တည်ရသမျှ
ဘ၀တိုင်းမှာ
အချစ်မဲ့
အမုန်းမဲ့သော
သူသာ ဖြစ်ရပါစေသား။

No comments:

Post a Comment