အလွမ်းတွေ စီရရီပွင့်တဲ့ည..
သိပ်ချစ်တဲ့အကြောင်းသီချင်းလေးညည်းတော့..
ဲကြယ်လေးတွေတောင် တဖျက်ဖျက်ငိုလို့ပေါ့..
" ကိုရေ..လွမ်းလိုက်တာ "
အဲဒီလိုတမ်းတမိတော့..
ငါ့ကိုယ်ငါကျကွဲသွားစေတယ်..
လွမ်းဆွတ်မှုက ငါ့ကိုအငွေ့ပျံစေတယ်..
ချစ်ခြင်းဟာငြီးငွေ့ဖွယ်မကောင်းခဲ့..
ချစ်နေပင်မယ့်လည်း ငါမပျော်နိုင်..
လူသူမသိဘဲ စူးရှစွဲလောင်နေတာ..
အနက်ရှိုင်းဆုံးတစ်နေရာမှာ..
ငါတစ်ယောက်တည်း ပိပိရိရိကြေကွဲ..
ဒီအချိန်ဆို " ကို " ဘာများလုပ်နေမလဲ..
ငါ...မောတယ်
ဒါပင်မဲ့..
ငါ...ပျော်တယ်
ငါ...ဆက်မျှော်မယ်
တစ်နေ့တော့...
တို့နှစ်ယောက်ရဲ့အိမ်မက်တွေကို..
နှလုံးသွေးနဲ့အသက်သွင်းကြရအောင်နော် ကို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment