သတိရလိုက်တာ ရင်ထဲမှာတကယ်လဲ သတိရနေပါတယ်
ဘယ်သူလဲဘယ်ဝါလဲဆိုတာမသိရပေမဲ့ သံယောဇဉ်ဆိုတာမမြင်ရလဲ
ရစ်ပတ်နှောင်တွယ်တက်ပါတယ်…
ခင်မင်မှု တိုင်းအရှည်ကြားမှာ အရောင်တွေစွန်းထင်နေမဲ့အလင်းမျိုးမပေးမိတာ
အကောင်းဆုံးပဲထင်တယ်..
အဖြူသက်သက်ကြည်လင်တဲ့ အမြင်မျိုးနဲ့
ရိုးသားတဲ့ရင်ခွင်ရင်းနီးမှုမျိုးက
နှစ်ယောက်စလုံးအတွက် ငြိမ်းအေးနေမဲ့
ကမ္ဘာငယ်တခုလေလို့ ယုံကြည်နေမိတယ်..
လူတိုင်းရဲ့သဘောထားမှာ
ရိုးသားတဲ့အရိပ်ငွေ့လေးတွေပါမယ်ဆိုရင်
မိုင်ထောင်ချီဝေးတဲ့ တနေရာစီမှာရှိနေပါစေ
သံယောဇဉ်ဆိုတာသူ့ကိုမမြင်ရသလို
သူကလဲ ကိုမမြင်အောင် အတားဆီးမဲ့
ရစ်ပတ်နောင်တွယ်တက်တဲ့သဘောရှိတယ်လေ…
အချစ်ဆိုတဲ့ဝေါဟာရ
ဘယ်သူတွေ ဖွလိုက်တာလဲ
ဘာမှန်မသိလဲ လူတိုင်းရဲ့ပါစပ်ဖျားမှာ ဖောင်းပွကုန်တော့တာပဲ
''နှစ်နှစ်ကာကာဆိုတဲ့စကား''
အနှစ်မပြောနဲ့ အကာတောင်မရှိတော့ပါလား
အလွယ်တကူထွက်ကျလာတဲ့ ချစ်တယ်ဆိုတဲ့စကား
လိုအပ်ချက်တွေရဲ့ကြားမှာ ဘာတွေနဲ့
ဖုံဖိဖို့ကြိုးစားကြမလဲ…ငါမသိ….
စစ်မှန်တဲ့မေတ္တာတရားကိုရဖို့ မလွယ်တော့တဲ့
ဒီအချစ်လောကကြီးထဲ ငါကရော
ချစ်တယ်လို့ ဘယ်လိုပြောရမလဲ..
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာမှာ
သံသယဆိုတာ မမြင်ဘူးတဲ့
ကလေကချေတစ်ကောင်လို့ ထင်မိတယ်..
ငါ့ရဲ့…အချစ်….
ငါချစ်တဲ့..သူအတွက်….
အနှစ်ဖြစ်စေချင်တယ်………………..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment