နင့်အပေါ်ချစ်တဲ့..ငါ့အချစ်ကို
ဘယ်တော့ခါမှ..ဟောင်းတယ်လို့ မရှိတာမို့ 
ဟောဒီက ရှင်းသန့် တဲ့မေတ္တာတရားရယ်…
ရင်မှာတည်တဲ့ ဒီသစ္စာနဲ့
ဖြေဖျော့ ကာခွေ
လေအသော့မှာလေ
ပျောက်ပျယ်လို့ မသွားစေဖို့ 
ငါ့  ကာရံထားချင်တာက..
ဟောဒီရင် ငါ့အသဲကိုလေ
မြဲမြန်စွာ ဒီသံယောဇဉ်ကြိုးတွေန့ဲ
တင်းရင်းအောင်…
ကတိဂဟေလေးဆက်ကာ
ငါ့ခန္ဒာတည်သရွှေ့ 
သိမ်းစည်းကာထားတော့မယ်
ငါ တစ်ကိုယ်တည်း…
ကြည်နူးတဲ့ အပြုံးတွေနဲ့  …
နင်မသိချင်နေပါစေပေါ့……..
ငါ့ရင်ထဲနွေးထွေးစွာသိမ်းစည်းလို့ 
ကြင်သူရေ..ငါဆက်ကာချစ်သွားမှာပါကွာ……
Subscribe to:
Post Comments (Atom)
No comments:
Post a Comment