အမြစ်တွယ်ရှင်သန်ဖို့
တခုထဲအတွက်မလုံလောက်ခဲ့ပါဘူး...
အရိပ်ခိုနားဖို့အတွက်လည်း
ငါရေလောင်းခဲ့တာပါ..။
လိပ်ပြာတစ်ကောင်ကိုပျံသန်းဖို့
အားဆေးမတိုက်ကြွေးခဲ့သလို...
ဝတ်ရည်စုပ်ယူဖို့ကိုလည်း..
ငါမသင်ကြားပေးခဲ့ပါဘူး..။
မင်းနှုတ်ခမ်းကသံစဉ်တွေအတွက်
ငါ့နှလုံးသားတခုထဲမကပါဘူး..
အထီးကျန်နာကျင်မှု့တွေအတွက်လည်း...
ငါကြိုးညှိခဲ.တာပါ..။
အဖြေမပေးမီအမေးတွေကအဖြေမရှိတော့
အရိုးသားဆုံးပြောလည်း..
မရိုးသားဘူးလို့ထင်မယ့်အတူတူ...
ဒီအတိုင်းပဲထားတာလိုက်ရတယ်..။
ကြွေစမ်းဆိုရင်ဝေနိုင်ခဲ့ပေမယ်.့
သွားစမ်းဆိုရင်တော့မနေတတ်ခဲ့ဘူး..
ကွက်မျက်ခံရတဲ့နေ့တွေသာအတောင်ပံပါခဲ့ရင်..
လိပ်ပြာတစ်ကောင်ရဲ့အားနဲ့..
ခိုနားဖို့နေရာ....ရှိနိုင်ပါ့မလား...။့
သေလုမြောပါးခံစားရတဲ့ဝေဒနာရယ်..
မိုးပြိုပြီဆိုမှတော့...ငါ့ရဲ့ကောင်းကင်လည်း..
လင်းလက်ဖို့မလိုတော့ဘူးလေ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment