တကယ်ဆို
အဖြူရောင်နှင့် ချည်နှောင်ခဲ့တာပါ
မမြင်ရတဲ့ အနာဂတ်ထိ
မရိုးနိုင်မယ့် ချစ်ခြင်းတွေဖွဲ့
တို့လျှောက်မယ့်လမ်းမှာ
အလွမ်းဆိုတာ မရှိကြေးလေ။
တသက်လုံး
အချစ်ဆုံး တစ်ယောက်ပဲ ရှိခဲ့တာပါ
သူဟာ ငါ့ရဲ့ အေးမြတဲ့
ချစ်ခြင်းများနှင့် ထိုက်တန်သူ
အနိုင်မယူ ဖြူစင်သူပေါ့
ပေးဆပ်မှု ချစ်ခြင်းများနှင့်
အလင်းရောင်လေးရေ။
ငါ့ဟာ
ဒီကမ္ဘာတည်သရွှေ့
အသက်ရှူနေတဲ့ အချိန်တွေမှာတော့
မပြောင်းလဲတဲ့ ချစ်ခြင်းနှင့်
မင်းလေး တစ်ယောက်တည်းကိုပဲ ချစ်တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment