Saturday, February 13, 2010

ငတုံး..

လာကြည့်မနေနဲ့..။
နင်သတ်ခဲ့တဲ့သားကောင်သေသွားခဲ့ပြီးပြီး။
လာငိုမနေနဲ့..။
နင်မျက်ရည်ကိုငါမယုံဘူး။
ဘာလဲ...
သစ္စာတရား...ဟုတ်လား။
နင်နားလည်လို့လား။ စာလုံးတောင်ပေါင်းတတ်လို့လား။
တစ်ခုတော့ပြောလိုက်ဦးမယ်။
နင့်အပေါ်မှာ ငါကျွန်တစ်ယောက်ထက်သစ္စာရှိခဲ့တယ်။
ဟုတ်တယ်..။ အရူး.. ငါဝန်ခံတယ်။
နင်ကရော ဘာလို့အရူးတစ်ယောက်ကိုချစ်တယ်လို့ပြောခဲ့တာလဲ။
နင်ချစ်တဲ့ ဟိုကောင်ကငါထက်ဘာသာလဲ။
နားလည်မှု ..ဟုတ်လား။
နင့်ကိုပေးခဲ့ တဲ့ငါရဲ့နားလည်မှု့က
ငါနွားလို့အခေါ်ခံရတဲ့အထိပါ။
အေးလေ.....။
ငါကိုယ်တိုင်က အမှတ်မှမရှိတာ။
ကြိုးဆွဲတိုင်ကခဲ့တာကိုး...။
နင်နင်းခြေခဲ့တာ ငါနှလုံးသားတစ်ခုလုံးနော်။
အရုပ်တစ်ရုပ်မဟုတ်ဘူး။
ဟိုကောင်ယူခဲ့ နင့်ဆီကအခွင့်အရေးဆိုတာ
နင်နဲ့ပတ်သတ်ပြီး ကတည်းက
ငါနဲ့မဆိုင်သလိုနေခဲ့တာ...ကြာပြီ။
နင်အရမ်းကိုတော်တယ်။
ဒီကောင်ကို မျက်ရည်ကျအောင်လုပ်နိုင်တယ်။
ပြောဦးလေ..။
ချစ်တယ်လို့။
ငါ့မာနတွေ မြေမြုပ်ချင်လို့ပါ။

No comments:

Post a Comment