Thursday, February 11, 2010

အဖြေမဲ့ ပုစ္ဆာ

တိတ်ဆိတ်မှုတွေ ကြီးစိုးလောက်အောင်
ပူလောင်မှုတွေ မွန်းကြပ်နေတဲ့
အဖြေ၇ှာမ၇တဲ့ အတွေးတွေ၇ွက်လွှင့်
နင်းဖြတ်ခံ၇တဲ့ ၇င်တစ်စုံနဲ့
ခပ်ယဲ့ယဲ့အပြုံးလေး ပြုံးလို့
အမုန်းမ၇ှိတဲ့..............ငါ
ကြင်နာခြင်းတွေ ကင်းမဲ့စွာနဲ့
အခါခါ စော်ကားခံခဲ့၇ပေါ့
အလိုက်မသိတဲ့ အတ္တတွေနဲ့
ဝေဒနာတွေသာ တိုးတာခဲ့ပေမယ့်
မနေတတ်ခဲ့ဘူးတဲ့..........ငါ
နာကျင်လှုပ်ခတ်၇တာလည်း
အခါခါ ဖြစ်နေခဲ့၇ပေါ့
အခုတော့.........................
အသိခက်တဲ့ ပုစ္ဆာတွေနဲ့
ငါ့ကိုယ်ငါ အဖြေ၇ှာ၇င်း
နေတတ်အောင် ကြိုးစားနေဆဲ
ကြိုးစားနေ၇င်းပေါ့................

No comments:

Post a Comment