နင်သိမလား
မှောင်မိုက်မှုတွေထဲမှာ
နင်လမ်းပိတ်ခဲ့တာ၊
ရိုးသားမှုတွေကို
အရောင်ဆိုးပေးခဲ့တာ၊
နှလုံးသားကို အမာရွတ်တစ်ခု
ရေးခြစ်ခဲ့တာ။
နင်သိမလား
မကြေညာပေမဲ့
နောက်ဆုတ်ခဲ့ရတာ၊
မဆုံးသေးဘဲ
ပိတ်ကားတွေအထပ်လိုက်ချခဲ့ရတာ၊
မပိတ်ချင်တဲ့မျက်လုံးတွေ
ခ၀ါတွေ ချခဲ့ရတာ။
နင်သိမလားနင်သိမလားနင်သိမလား
နင်သိမလားနင်သိမလား
နင်သိမလား
နင်သိမ
နင်သိ
နင်
. . .
Subscribe to:
Post Comments (Atom)
No comments:
Post a Comment