တစ်နေရာစီ နေရလို့ များ
အကြင်နာတွေ ရော့ကာသွားပြီလား……
ဟိုး….အရင်ကပြောတော့ .. ရိုးမြေကျဆို……
ခုတော့ဖြင့် တစ်စိမ်းလို
မပြောရုံ တမယ်ပါ လား……
ငါ့အရင်သူတွေနဲ့ 
မင်းပျော်လို့ နေရော့သလား…..
နောက်မှပွင့် ရွှေကြာပင် ကို
ထူုးတယ်လို့ ထင်မြင်ပြီး
အစမ်းသဘောနဲ့  ခရမ်းပျိုး
ခူးရှိုက်လို့ များ နမ်းနေရော့သလား….
ချစ်သူ သာပျော်မယ်ဆိုရင်တော့..
သံသယတွေ ဘေးဖယ်ထားလို့ 
နောက်ဆုံး ထွက်သက်လေးတစ်မျှင်သာ..
ကျန်စေအုံးပေါ့..
ချစ်သူပြောသမျှ မျက်စိကိုစုံမှိတ်လို့ ယုံလိုက်ပါ့မယ် .......
ချစ်သူ ရေ….......
လှည့်လိုရာလှည့်လို့ ရအောင် လျှာမှာအရိုးမှမရှိတာမို့ 
ငါယုံအောင်လေ……ဆက်လိမ်လိုက်အုံး……
Subscribe to:
Post Comments (Atom)
No comments:
Post a Comment