ကြွေလွင့်ပျက်ပျယ်နေတဲ့စိတ်
တိတ်တိတ်လေးနဲ့ကြေကွဲ
လွမ်းပဲလွမ်းတတ်လာတယ်လေ
နေသာသလိုနေပါတယ်
ဒါပေမယ့်
သူက ဘ၀ထဲကိုဝင်လာတယ်လေ
ရေကြည်ရာ ရှာတယ်ဆိုယင်
နောက်ဆုံးဘ၀ကို လာပါလား
အခုတော့လည်း
လွမ်းရယုံသက်သက်နဲ့
အသက်တောင်ရလာတယ်
နိဒါန်းလေးတောင်မစသေးပါလားနော်
ပန်းပွင့်ကိုလည်းမြင်တယ်
ရနံ့ကိုလည်းရှိုက်မိတယ်
လှလည်းလှပါတယ်
ဒါပေမယ့်
ဆိုင်သူကိုယ်စီနဲ့ဘ၀မှာ
နိဒါန်းလေးတောင်မစရသေးခင်
နောက်ကျနေပြီလေ
ရနိုင်ရက်နဲ့တစ်ဖက်ကိုငဲ့ပြီးတော့
နေသာသလိုနေလိုက်ရတယ်
ရင်တွေတော့ကွဲပြီးတော့
နိဒါန်လေးတောင်ပျက်သွားပြီနော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment