Saturday, February 13, 2010

မင်းအတွက်သာ

မင်းအတွက်သာ
စတေးမှုများစွာရင်းနှီးမဲ့သူ
ငါဟာ အချစ်သူရဲကောင်း
နှလုံးသားတစ်ဆိုင်လုံးပြာကျမတတ
် သွေးစက်လက်နဲ့ ခံစားချက်ခါးရှရှလေ
း မင်းအတွက်သာ
အတွေးများစွာ ပြုတ်ကျခဲ့သူ
ငါအချစ်ရူးမို့
ဦးနှောက်တစ်ခုလုံး ပြိုကွဲမတတ်
အပျက်ပျက်နဲ့
နှာခေါင်းသွေးတွေနီညိုညိုလေး
မင်းအတွက်သာ
အိမ်မက်များစွာလိုရာ
စွဲမက်ခဲ့သူ
ငါတစ်ဖက်သတ်လေ
ညတစ်ခုလုံး မေ့မြှောမတတ်
တပ်မက်မှုနဲ့ မူးယစ်ခြင်းတွေ
ရီဝေဝေလေး......
မင်းအတွက်သာ
မနက်ဖြန်များစွာ ရှင်သန်ခဲ့သူ
ငါပေးဆပ်သူသက်သက်
ဘဝတစ်ခုလုံးမီးတောက်မတတ်
တပ်မက်မှုနဲ့ ရူးသွပ်ခြင်းတွေ
ဖျောက်တောက်တောက်လေး......
မင်းအတွက်သာ
ဒဏ်ရာများစွာ ဆုရခဲ့သူ
ငါအဆွေးသမား
စာမျက်နှာတစ်ပြင်လုံး
ပေါက်ကွဲမတတ်
ရေးစပ်ရင်း နဲ့
ငိုရှိုက်သံတွေ တိုးအက်အက်လေး........

No comments:

Post a Comment