နေ့၊ရက်၊နာရီတွေကို
ငါမုန်းချင်လာတယ်
ပြက္ခဒိန်ထဲက
နေ့စွဲတွေကတော့
သူ့တာဝန်နဲ့သူ
တရွေ့ရွေ့သွားနေပါတယ်
မေ့မရနိုင်တဲ့
ငါ့မှာသာ
ခုချိန်ထိမနေ့ကလိုပဲ
မပြောင်းလဲသေးဘူး
ဘယ်သူတွေဘယ်လိုသံပတ်ပေးပေး
နိုးထလာခြင်းမရှိတဲ့
ငါ့နှိုးစက်ကလေးကို
ကြည့်လိုက်တော့
သြော်
ငါ့နှလုံးသားနာရီလေး
ရင်ခုန်နှုန်းရပ်နေရှာတာကို
ရှိပါစေတော့
ဘယ်သူမှလာမနှိုးကြပါနဲ့
သွားလိုတဲ့ခရီး မမီနိုင်မှတော့
အိပ်ပျော်နေတာပဲကောင်းပါတယ်လေ
နေ့၊ရက်၊နာရီတွေကို
ငါမုန်းချင်လာတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment