Thursday, February 11, 2010

လူတိုင်းမင်းလို လုမျိုး လိုတယ်

လူတိုင်း အနားမှာ အမြဲရှိပြီး အမြဲဂရုစိုက်တတ်တဲ့ တစ်စုံတစ်ဦး လိုတယ်..၊

လူတိုင်းဟာ စာလေးတစ်စောင် ဒါမှမဟုတ် တယ်လီဖုံးခေါ်သံလေးဖြစ်ဖြစ်

တစ်စုံတစ်ဦး လိုတယ်..။

မင်းအသဲနှလုံးထဲမှာ ရှိတဲ့ အရာအားလုံးကို မျှဝေခံစားနိုင်တဲ့ တစ်စုံတစ်ဦး

ပြီးတော့...... နှစ်ယောက်ထဲ တစ်နေ့တာ ကိစ္စလေးတွေ အကြောင်း

ဆွေးနွေးနိုင်တဲ့ တစ်စုံတစ်ဦး လိုတယ်..။

လူတိုင်းဟာ အားပေးမယ့်သူ.....ယုံကြည်မယ့်သူ.......အစစအရာရာ

အဆင်ပြေတဲ့အခါ ကျောပုတ်ပေးမယ့်သူ....၊

အဆင်မပြေတဲ့အခါ ...ငိုဖို့ ပုခုံးတစ်ဖက် လိုတယ်...။

လူတိုင်းဟာ ဆက်လက်ကြိုးစားဖို့နဲ့ အားလုံးအဆင်ပြေမယ်လို့

သတိပေးမယ့် တစ်စုံတစ်ဦးလိုတယ်..။

လူတိုင်းဟာ မင်းလိုလူမျိုး လိုတယ်..။

ဒါဟာ အမှန်ဆုံးအချက်ပဲ ဆိုတာ ကိုယ်သိတယ်...။

မင်းလို အံသြဖွယ်ကောင်းတဲ့ လူမျိုး လူတိုင်းမှာ ရှိပါစေလို့

ဆုတောင်းမိပါရဲ့....။

No comments:

Post a Comment