၇ာသီစက်ဝိုင်းအောက်
ဟေမာန်ဆောင်းေ၇ာက်ခဲ့ချိန်
ပူလောင်နေတဲ့ ၇င်တစ်ခုနဲ့
အဖော်မဲ့ အထီးကျန်ခြင်း
ဟင်းလင်းပြင် တခုထဲမှာ
နှင်းစက်တွေသာ ကျနေပေမယ့်
ငါ့၇င်ကို မအေးမြစေခဲ့ပါလား???
ဟန်ဆောင် အပြုံး ယဲ့ယဲ့လေးကို
မျက်နှာဖုံး တစ်ခုလိုဆင်မြန်း
နွမ်းလျတဲ့ အမောတွေကိုလည်း
မဖော်ပြခဲ့ ချင်တော့.........
သံစဉ်မဲ့ တေးသွားတွေနဲ့
သောကတွေကို ဖြေဖျောက်၇င်း
အခေါက်ခေါက် အခါခါ လဲပြိုကျခဲ့
ငိုညည်းနေ၇တဲ့ ငါ့နှလုံးသာ
မင်း မကြားမမြင် နိုင်တော့ပါလား ???????
Subscribe to:
Post Comments (Atom)
No comments:
Post a Comment