အချစ်တွေ
နက်သထက်နက်အောင်
ငါတို့ဘယ်လောက်အထိတူးဖော်ခဲ့ကြလဲဆိုတာ
တစ်ယောက်နဲ့တစ်ယောက်
ရင်ဘတ်ကိုလှပ်ကြည့်ရုံနဲ့မြင်နိုင်တယ်
ရေမြေခြားပေမယ့်ကတိသစ္စာတွေကြားထဲကနေပဲ
မီးကုန်ယမ်းကုန်ချစ်ကြောင်း
အိုးပစ် အိမ်ပစ်
သတိရဖူးကြောင်း
ရင်ခုန်သံတွေနဲ့ သတင်းပို့နေကျ
ချစ်သူ့မျက်နှာကိုတစိမ့်စိမ့်ဖတ်ချင်လို့
ပြီးတော့သူများစုံတွဲတွေလို
( Feb 14 ) ကို
လက်ချင်းချိတ် ယှဉ်နွဲချင်လို့
ပြီးရင်အပြစ်မမြင်သီချင်းကိုလည်းချစ်သူနဲ့အတူဟစ်ဦးမယ်
အဲ့ဒီလိုစိတ်ကူးယဉ်မှုမျိုးတွေနဲ့ပဲ
ငါ့ပင့်သက်တွေခရေပွင့်လေးတွေလိုနေ့တိုင်းကြွေတယ်
ငါပြောရဲတယ်
ငါတို့တွေ့ဆုံမယ့်
အဲ့ဒီလမှာလတာရှည်လိမ့်မယ်
သေချာပါတယ် လတာရှည်လိမ့်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment