လျှပ်စီး အလင်းမှာ
ငါ မြင်တာ
အရာရာတိုင်း လှပနေတာ
တဒင်္ဂ ခဏပါ...
အမှောင်ဟာ ထာဝရ
မင်းမရှိတဲ့ အချိန်တွေပါ
တခါက ငါ့အချစ်
မင်းအတွက်ပဲ
ပေးဆပ်ထားပြီးသားပါ...
အခု " ငါ "
အလွမ်းတွေ စာဖွဲ့
ကြေကွဲခြင်း ပင်လယ်မှာ
နာကြင်ခြင်း ရွက်လှေနဲ့
အမုန်း မုန်တိုင်းကို အံတုရင်း
နားခိုရာ ရှာဖွေဆဲပါ...
ရှာဖွေဆဲပါ.....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment