ငါသာ မြစ်တစ်စင်း...ဖြစ်မယ်ဆိုရင်
ချစ်သူရင်ခွင်မှာ..ရစ်ခွေစီးဆင်း...နေချင်တယ်
ငါသာ ဦးထုပ်တစ်လုံး...ဖြစ်မယ်ဆိုရင်
ချစ်သူ ခေါင်းမှာ...အေးရိပ်ကာ...နေချင်တယ်။
ငါသာ နက်ခ်တိုင် တစ်ခု...ဖြစ်မယ်ဆိုရင်
ချစ်သူလည်တိုင်မှာ...တန်ဆာဆင်...နေချင်တယ်
ငါသာ ကျောက်ဆစ်သမား...ဖြစ်မယ်ဆိုရင်
ချစ်သူနှလုံးသားမှာ...ငါ့နာမည်ကို...
ထွင်းထုထားချင်တယ်။
ငါသာ အိမ်တစ်လုံး...ဖြစ်မယ်ဆိုရင်
ချစ်သူကို...ကိုယ့်ရင်ခွင်ထဲ...
အမြဲသွင်းယူထားချင်တယ်။
ဘယ်သူသိမလဲ....ဒီရင်ထဲက....စိတ္တဇဆန္ဒ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment