အချစ်ဆိုတာ…
အချစ်တဲ့……
အချစ်ကို မသိခင်တုန်းကပေါ့
အချစ်ကို မသိပဲ လူတွေကိုချစ်ခဲ့ဖူးတယ်…..
ပြီးတော့ ပြောလိုက်သေးတယ်….
အချစ်ကပူလောင်တယ်တဲ့ ။
အချစ်တဲ့….
သိလာရတယ်
ရင်ခုန်တယ်…
ပျော်တယ်….
ကြည်နူးတယ်…
ခံစားချက်တွေလည်း အများကြီး
ဆက်ရန်တွေလည်း ရှိနေဦးမယ်….
အချစ်ကို သိမှ အချစ်ဆိုတာကို ချစ်လာခဲ့တယ်…
တကယ်တော့
အချစ်ဆိုတာ မပူပါဘူး….
နွေးနွေးလေးနဲ့ အေးမြနေတာပါ။
ရီဝေငိုက်မြည်းနေတဲ့
ငါ့ ရဲ့  နှလုးသားဟာ
အချစ်ဆိုတဲ့ အရာကို
မခံစားရဘူးလို့
ထင်မြင်နေခဲ့တာ…………
…...… ကိုတွေ့တော့မှဘဲ
ရှိန်းတိန်းတိန်းနဲ့
အစဉ်ငေးမောရင်း
ကြည်နူးနှစ်သိမ့်နေတဲ့
အချစ်ရူးလေး ပေါ့……..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment