Friday, November 6, 2009

နွယ်

တစ်ရစ်ထက် တစ်ရစ်တိုး
တစ်ချစ်ထက် တစ်ချစ်တိုး
ဖျက်ချိုးလို့လည်း မရ.......
သစ်သထက် သစ်နှောင်
ချစ်သထက် ချစ်အောင်
ဘောင်ခတ်လို့လည်း မရ.......
တစ်စတစ်စနဲ့ တွယ်ငြိ
အသိစိတ်ကို စိုးမိုး
နွယ်ပျိုးသလိုဖြစ်
နစ်သထက်နစ်မျော
သံယောဇဉ် အလွမ်းဒဏ်
ခံစားကူညီလှည့်ပါကွယ်။

No comments:

Post a Comment