မှေးစက်နေတဲ့ ကျမ ရင်ခုန်သံကို
သူ့ အပြုံးက လှုပ်နှိုးခဲ့တယ်။
နိုးထလာတဲ့ ကျမ ရင်ခုန်သံတွေကို
သူ့ အချစ်နဲ့ အစပြုခဲ့တယ်။
ကျမ နှလုံးသားက
အချစ်နယ်မြေထဲကို
စတင်ရောက်ရှိခဲ့တယ်။
အဲတော့.............
သူက ကျမ ဘ၀ရဲ့
အချစ်ဦးပေါ့။
အချစ်ဦးဖြစ်တဲ့ သူ့အတွက်
ရူးမလောက် ခံစားခဲ့ရတဲ့
ခံစားမှုတွေ
မြိုသိပါခဲ့ရတဲ့ ဝေဒနာတွေ
လွမ်းဆွတ် တမ်းတမှုတွေဟာ
နောင်.........ရှေးဆက်ရမယ့်
ရက်ပေါင်းများစွာမှာလဲ
ကျမ ရင်ထဲမှာ ထာဝရရှိနေဦးမှာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment