အနှောင်အဖွဲ့ ထောင်ချောက်ကင်းတဲ့
အစာလားလို့ ထင်ခဲ့တဲ့အဖြစ်
မမြင်မိတာက ငါ့အပြစ်လား.....
ကံကြမ္မာဆိုတဲ့ ကံတရားအပြစ်လား.........
အစာနောက်က အဲဒီချိတ်
ငါမမြင်မိတာ ငါ့အမှားလား
ကံကိုပဲ ပုံချရတော့မှာလား.........
အော်...
ငါသိလိုက်တာက နောက်မှပဲလေ...
သံယောဇဉ်ဆိုတဲ့ အဲဒီကြိုးက
ငါးမျှားချိတ်နောက်က ကြိုးပဲကို.........
ကံကြမ္မာဆိုတဲ့ ဒါရိုက်တာ
ခိုင်းစေချက် အနောက်ဖက်မှာ
ဇာတ်ညွှန်းရေးဆရာရဲ့ ကြိုးကိုင်မှုမှာ
ငါ သရုပ်ဆောင်တဲ့ ဒီဇတ်လမ်းအပြီး
ပရိတ်သတ်တွေ မျက်ရည်ကျလို့ငိုတာ
မမြင်ချင်တာက အမှန်ပါဗျာ.........
အတုအယောင်ဆိုတဲ့ ဒီအရာတွေကို
စကြာဝဋ္ဌာအပြင်ဖက် အမှောင်ထဲက
အစာငတ်တဲ့ ငါ ဒီလိုကြည့်မိခဲ့တာ...
အချစ်ဆိုတဲ့ ဒီတဏှာကြောင့်
ငါ့စိတ်တွေ အဝိဇ္ဖာဖုံးခဲ့တာ...
ငါ့ဝဍ်ကြွေးတွေ ဒီမှာပဲဆုံးပါစေတော့.........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment