Saturday, November 7, 2009

အလွမ်းရဲ့.........မျက်ရည်

အလွမ်းမီးတွေ
လောက်မြိုက်နေတဲ့
နှလုံးသားတစ်ခုပေါ့
သူပေးရက်တဲ့ ဝေဒနာကို
အကြင်နာတွေနဲ့ထွေးပိုက်ယူခဲ့ပေမယ့်
ရင်ထဲကဒဏ်ရာတွေ
သူမှမသိခဲ့တာ
လွမ်းနေနိုင်လွန်းတဲ့....
နှလုံးသား ဘယ်လိုအစားထိုးလို့ကုသရမလဲ
ချစ်သူပေးတဲ့...
ဒဏ်ရာ မွေးရာပါအမှတ်သားတစ်ခု ဖြစ်နေခဲ့ရပြီ.........
ကန်ရေပြင်လိုတည်ငြိမ်လွန်းနေတဲ့ မျက်ရည်စတွေ.......
စီးဆငိးခွင့်မရှိဘူး
သခင်အမိန့်နာခံဖို့ ရဲရဲကြီးစောင့်နေကြရှာတယ်။

No comments:

Post a Comment