Tuesday, November 3, 2009

နှလုံးသားအဟောင်း

"မျှော်လေ..မောလေ" ဆိုတာအမှန်ပဲနော်၊
နင်လာမယ့်လမ်းကိုပဲ ငေးငေးကြည့်နေမိတယ်
မလာတော့မှန်းသိနေပြီးသားပဲဟာ...
ကိုယ့်ဒုက္ခကိုယ်ရှာ ကိုယ့်သေတွင်းကိုယ်တူးနဲ့
ငါ့မှာ...အတော် "နက်" မှသတိထားမိပါရဲ့.....
ဒါပေမယ့်..ရောဂါကျွမ်းနေပြီ။

"မရလေ..ပိုလိုချင်လေ" ဆိုတာအမှန်ပဲနော်၊
ကလေးတယောက်လိုနှုတ်ခမ်းကိုက် ခြေဆောင့်ငိုလည်း
နင့်ခြေလှမ်းတွေ ရပ်မသွားခဲ့ဘူး။
နှုတ်တောင်မဆက်သွားခဲ့တာ....

"ရတာမလို..လိုတာမရ"ဆိုတာလည်းမှန်တာပဲ၊
နငိ့ကိုမျှော်ရင်း..မော်ရင်း..လွမ်းရင်း..ဆွေးရင်း..တမ်းရင်း..တရင်းနဲ့
လောကကြီးနဲ့ပဲအဆက်ပြတ်သွားခဲ့သလားမသိဘူး၊
လန့်နိုးလာချိန်မှာ...ငါဟာပဲအသစ်တဖန်ပြန်မွေးဖွားလာသလိုနဲ့
အတော်မိုက်သား...၊အဲ ခက်တာက
"နှလုံးသားအဟောင်း"ကပြန်ပါလာတော့
ငါ့မှာ..နင့်ကိုမျှော်ရင်း..မော်ရင်း.............နဲ့ပဲ.....။ ။

No comments:

Post a Comment