သံယောဇဉ်ဆိုတဲ့
စာကားဟာ ပြောရတာလွယ်သလောက်
တကယ်တမ်း ဥပက္ခာပြုခံရတဲ့ လူတစ်ယောက်ရဲ့ 
ရင်ဘတ်ထဲကို ချစ်သူ..
မင်း ဝင်ကြည့်ဖူးရဲ့ လား…။
လူတစ်ယောက်ရဲ့  ဘဝမှာ
မျှော်လင့်ချက်နဲ့ ရှင်သန်နေရတဲ့
အရသာကို ချစ်သူ..တစ်ယောက်
ခံစားဖူးရဲ့ လား..။
ကံကောင်းခြင်းရဲ့  အဆုံးတစ်ဖက်မှာရှိတဲ့
ကံဆိုးခြင်းတွေကို သဘာဝက ကိုယ့်အတွက်
ဖန်ဆီးပေးထားတယ်လေ…ချစ်သူ
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်
မင်း.. အတွက်တစ်ဦးတစ်ယောက်က
သာယာမှုတွေ ပေးစွမ်းနိုင်ခဲ့မယ်ဆိုရင်
ခပ်လှမ်းလှမ်းတစ်နေရာကနေ၊ မင်းအတွက်
ကြည်နူးနေမှာပါ…ချစ်သူ။
ချစ်သူ…မင်းသိရဲ့ လား
ဘဝဆိုတာ နေတက်ရင်ကျေနပ်စရာချည်းပါတဲ့
အချိန်တော်တော်ကြာကြာကတည်းက ကြားဖူးခဲ့ပါတယ်..
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို လိုက်လျောလွန်းနေရတော့
နစ်မြှုပ်မှန်းမသိ နစ်မြှုပ် ယိုင်နဲ့မှန်း မသိယိုင်နဲ့ရင်း
ကန့်လန်ဖြတ်မျောတဲ့ ပစ္စုပ္ဂန် ခရီးကြောမှာ
ကိုယ့် အတွက်ဝေဒနာတွေသာ အောင်ပွဲခံလို့ပေါ့….
တစ်ချိန်ချိန်မှာ လာလေမလားလို့
တစ်ယောက်သောသူကိုစောင့်နေတယ်
စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ
တစ်မိုးသစ်ပြီး တစ်နေစောင်းလည်း
ချစ်သူက လုံးဝပေါ်မလာပြီပဲ
သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လည်း မင်းမထူး၊ email ပို့လဲ အကြောင်းမပြန်
မင်းတစ်ယောက် နေမှကောင်းရဲ့ လား……
တစ်မိုးအောက်ထဲပေမယ့် ၊ တစ်ယောက်တစ်နေရာဆီ
သတိရရင်ခေါင်းကိုမော့ ၊သာစဲ သာမြဲ လမင်းကြီးကိုကြည့်ပြီး
စကားတွေ တဝကြီးပြော…
ကိုယ့်အနားမှာမင်းရှိသလို……
ချစ်သူ….ရောက်ရာအရပ်မှာပျော်ပါစေ…။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment