လောကကြီးထဲကို ၀င်ဖို့....
အားအင်သစ်တွေနဲ့....တက်ကြွနေတဲ့အချိန်မှာ
ရီဝေတဲ့မျက်လုံးတစ်စုံ ကိုဘာလို့သတိမထားလိုက်မိပါလိမ့်....
အခက်အခဲတွေကို ရင်ဆိုင်ဖို့...
ယုံကြည်ချက်တွေနဲ့ ရဲဝင့်နေတဲ့အချိန်မှာ....
စိုးရိမ်နေတဲ့ သတိပေးစကားတွေကို....ဘာလို့ နားမထောင်မိပါလိမ့်....
ချိုမြိန်တဲ့အချစ်တစ်ခုကို မျှော်လင့်ရင်း...
အရူးအမူးနဲ့ ရူးသွပ်နေချိန်မှာ...
အနှိုင်းမဲ့တဲ့အချစ်တစ်ခုကို.....ဘာလို့ အလေးမထားမိပါလိမ့်...
ကြမ်းတမ်းတဲ့ ဘ၀မုန်တိုင်းကြောင့်...
အလဲလဲအပြိုပြို စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ...
အားပေးဖို့စောင့်နေတဲ့သူကို.....ဘာလို့သတိမရမိပါလိမ့်...
ကျောခိုင်းသွားတဲ့ ရင်ခွင်တစ်ခုကို တမ်းတရင်း...
နှလုံးသားဒဏ်ချက်တွေနဲ့ နာကျင်နေတဲ့အချိန်မှာ...
အမြဲကမ်းလင့်နေတဲ့ရင်ခွင်ကို...ဘာကြောင့်လစ်လျူရှုမိပါလိမ့်.....
အလုပ်နဲ့ ဘ၀တက်လမ်းအတွက်...
အချိန်တွေအများကြီး ပုံအောခဲ့ပေမယ့်...
အမေ့ အတွက် အချိန်ဘယ်လောက်များ ပေးခဲ့မိပါလိမ့်....
ချစ်သူအတွက်
တန်ဖိုးကြီးလက်ဆောင်တွေ ၀ယ်ပေးနေပေမယ့်...
အမေ့အတွက် ဘာလက်ဆောင်များ ပေးခဲ့ဖူးပါလိမ့်...
သူငယ်ချင်းတွေနဲ့...
အတူတူပျော်ပါးစားသောက်နေခဲ့ပေမယ့်...
အမေ့ ကို ဘယ်နှခါများ အဖော်ပြုခဲ့ပေးမိပါလိမ့်...
ဘ၀ရဲ့ ဒဏ်ချက်တွေကို ဆေးကုပေးတဲ့အမေ....
နှလုံးသားရဲ့ မျက်ရည်စက်တွေကို သုတ်ပေးနိုင်တဲ့အမေ...
ပျောက်ဆုံးသွားတဲ့ ခွန်အားတွေကို ဖြည့်ဆည်းပေးနိုင်တဲ့အမေ....
ဘာမှ ပြန်မရပေမယ့် အမြဲ ပေးဖို့အဆင်သင့် ရှိနေတဲ့အမေ...
အမေ့အတွက် ဘာတွေများ ပြန်လုပ်ပေးဖူးပြီလဲ....
သူငယ်ချင်းတို့....အဲဒီလိုအတွေးမျိုးတွေ...တွေးနေရပြီဆိုရင်....
အခုအချိန်ဟာ...အမေ့ ရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်ပြုဖို့အကောင်းဆုံးအချိန်ရောက်နေပါပြီ....
အဝေးတစ်နေရာရောက်နေရင်တောင်......
ဖုန်းလေးတစ်ချက်ခေါ်ပြီး....ကျေးဇူးတင်ကြောင်းပြောရင်.....မေမေတွေဝမ်းသာကြမှာပါ...
Subscribe to:
Post Comments (Atom)
nice poem.... i like it
ReplyDeleteGREAT!
ReplyDeleteYou did a great job,my Baby Girl.Keep going on!