Monday, May 25, 2009

ကျွမ်းကျင်စွာပြုလုပ်သော အလွမ်း

တယောက်ထဲ ငိုင်မိတဲ့အခါ
တယောက်ထဲ နေမိတဲ့အခါ
တယောက်ထဲ လျှောက်မိတဲ့အခါ
တယောက်ထဲ အိပ်မပျော်တော့တဲ့အခါ
စူးစူးရှရှ လွမ်းတယ်… ။

ငါ…. စူးစူးရှရှလွမ်းတယ်။

ချစ်သူတယောက်အပေါ် အရိုးသားဆုံးလွမ်းခြင်းမျိုးပေါ့။
ဘယ်ချစ်သူကိုမှ မလွမ်းဖူးသေးတဲ့အလွမ်းမျိုးနဲ့
အတိအကျ ငါ … လွမ်းနေတာပါ။

အရဲရင့်ဆုံးနှလုံးသားနဲ့ ဘွာမခတ်ပဲ
အချိန်စက်ဝန်းတစ်ခုလုံး နင့်နင့်နဲနဲချစ်ခဲ့တယ်။

ငါ…. နင့်နင့်နဲနဲချစ်ခဲ့တယ်။

မျှော်လင့်ခြင်းမျိုးစုံနဲ့ အချစ်တွေ တအုပ်တမပျိုးခြင်းမျိုးပေါ့။
ဆွံ့အ….ကြေကွဲစွာ….. ငြိမ်သက်
လူးလွန့်ရှင်သန်ဖို့အတွက် ငါ့သက်ပြင်းတွေ အထမမြောက်နိုင်သရွေ့တော့
ငါ့အချစ်တွေအတွက် နင်ကြားရာအရပ်က အမျှဝေပါ။

"ရနံ့နဲ့ထပ်တူမကျဘူး" တဲ့လား
အသေအချာ စိုက်ပျိုးခဲ့တဲ့ ငါ့ချစ်ခြင်းအဖူးအပွင့်တွေ
ရိုက်ချိုးမခံရသရွေ့ တာ့
ရင်ခွင်ထက်က အလွမ်းပန်းတွေ အသေအချာသိမ်းဆည်း
ငါ ထုတ်ထုတ်ပြီး လွမ်းနေမယ်…. နော်။

No comments:

Post a Comment