ရင်တွင်းမှာ သိုဝှက်လို့
ပွင့်ဖူးခဲ့ တစ်ပွင့်ပန်းပမာ မြတ်နိုးစွာပေါ့...
ကြင်နာစွာ ယုယလို့
စာနာစွာ နားလည်ရင်းနဲ့ အေးတူပူအမျှ
တူနှစ်ကိုယ်လျှောက်လှမ်းလို့ရယ်
လှလို့ချစ်တာမဟုတ်ပါပဲ
ချစ်လို့လှခဲ့တဲ့ ရက်ပေါင်းက တစ်ရာ့ရှစ်ဆယ်....
ကြွေမဆုံးနိုင် ကြယ်စင်လို
အမှတ်တရဆိုတာ အမှတ်တမဲ့အဖြစ်ကနေ
ဆင်းသက်လာသမို့ မုသားလည်းမသုံးဝံ့ပါဘူး...
အလင်္ကာလည်း မချောရင်နေစေတော့....
သုံးလုံးအလင်္ကာ ခိုင်မြဲစွာပေါ့ ရင်ဝယ်တွင်းစီက
သက်ဆုံးတိုင်.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment