ငါမမျှော်လင့်ခဲ့ပါဘူး …..ကိုယ်ကိုကိုယ်တောင်မသိလိုက်ရတဲ့ အချိန်မှာ ငါ့ကို နင်စွပ်စွဲခဲ့တယ်…..နင့်အချစ်ကို ငါခိုးသွားခဲ့ပါတယ်တဲ့..ကျိန်ဆိုကျိန်ရဲပါတယ်….ငါဟာ ငါးပါးသီလကို ချိုးဖောက်ဖို့ မစဉ်းစားခဲ့ပါဘူး…
ငါမမျှော်လင့်ခဲ့ပါဘူး…….ကိုယ်ကိုကိုယ်တောင် မသိလိုက်ရတဲ့ အချိန်မှာ ငါ့ကို နင်စွပ်စွဲခဲ့တယ်…..နင့်ကို မာယာတွေနဲ့ လှည့်စားခဲ့တယ်တဲ့….ကျိန်ဆိုကျိန်ရဲပါတယ်…ငါဟာ မာယာတွေကို မသုံးတတ်ခဲ့ပါဘူး ….
ငါမမျှော်လင့်ခဲ့ပါဘူး…..ကိုယ်ကိုကိုယ်တောင် မသိလိုက်ရတဲ့ အချိန်မှာ ငါ့ကို နင်စွပ်စွဲခဲ့တယ်….နင့်ကို ငါ့အပြုံးနဲ့ မြူဆွယ်ခဲ့တယ်တဲ့…..ကျိန်ဆိုကျိန်ရဲပါတယ်…ငါဟာ ရယ်မောနေတာဟာ လောကကြီးကို လှည့်စားယုံပါ….နင်မပါခဲ့ပါဘူး…
ငါမမျှော်လင့်ခဲ့ပါဘူး…..ကိုယ်ကိုကိုယ်တောင် မသိလိုက်ရတဲ့ အချိန်မှာ ငါ့ကို နင်စွပ်စွဲခဲ့တယ်……..နင့်ကို ငါ့အလှတွေနဲ့ ဖျားယောင်းခဲ့တယ်တဲ့…ငါဟားတိုက်ပြီး ရယ်လိုက်ချင်တယ်…..နင်စွပ်စွဲတာ ပြင်းထန်လွန်းခဲ့တာ နင်ကိုယ်တိုင်တောင်သိရဲ့လား… ငါဟာ မာယာများတဲ့ လောကကြီး အလယ်မှာ တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကြိုးစားနေခဲ့တာကို နင်ခလုတ်လာတိုက်လိုက်တာပါ…….
ငါဟာ ….ချိုမိန်ချင်ယောင်ဆောင်နေတဲ့…ပျားရည်မြစ်တစ်စင်းပါ…
Subscribe to:
Post Comments (Atom)
No comments:
Post a Comment