Tuesday, January 19, 2010

လွမ်းနေရအုံးမယ်

ကျွန်ုပ်ချစ်မိ အပြစ်ရှိလေသလား
ထောင့်ငါးရာ ပုံရိပ်တစ်ချို့မှာ အပူဆွေးဆုံးက
လွမ်းဆွေးခြင်းတဲ့လား ရင်နှင့်အမျှပါပဲ...

သူကိုချစ်ခဲ့၍
ရင်တွင်းနှလုံးသားတစ်စုံကို ဓါးနဲ့မွှမ်းသလိုခံစားရခက်

အတိမ်နက်တဲ့ ရေတွင်းပျက်လို
ငါ့ရဲ့ရင်ခွင် လွမ်းချင်းတွေကြောင့် ပြိုပျက်ရပြီ

တိမ်တွေငိုတောင် ငါမလွမ်းတတ်ခဲ့သူ
ကြယ်တွေကြွေတောင် ငါမနှမျှောတတ်ခဲ့သူ

အခု...
ငါ့ရင်ခွင်ငိုနေတယ် လွမ်းမှုတွေရယ်
အဝေးဆုံးကို လေလွှင့်တော့
ကြွေပါစေလေ ကြယ်တွေမကုန်သရွေ့ ငါလွမ်းနေရအုံးမှာပဲ....

No comments:

Post a Comment